ဈေးကွက်ဈေးနှုန်း

“Value Chains for Rural Development Project” စီမံကိန်းအတွက် letter of intent (LoI) လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် Winrock International မှ Chief of Party Mr. Nimish Jhaveri တို့သည် ကျေးလက်ဒေသ၏ တန်ဖိုးကွင်းဆက်တစ်လျှောက်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အတွက်  letter of intent (LoI)  ရေးထိုးခြင်းကို ၂၀၁၉ ခုနှစ် ၊စက်တင်ဘာ ၂ ရက်နေ့၌ ရန်ကုန်မြို့၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟို ဌာန တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင် စိုးနှင့် Winrock International မှ Chief of Party Mr. Nimish Jhaveri တို့က အသီးသီးအဖွင့်အမှာစကားပြောကြားကြပြီး စီမံကိန်းအနေနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာကုန်သွယ်မှုမြှင့်တင်အဖွဲ့နှင့် ပုဂ္ဂလိက အသင်းအဖွဲ့များသို့ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ကော်ဖီ၊ ဖရဲသီး၊ဂျင်း၊ နှမ်း၊ပဲပုပ်အစရှိသည့်ကဏ္ဍများအတွက်မူဝါဒဆိုင်ရာနှင့်စံချိန်စံညွှန်းများရေးဆွဲခြင်း၊ ပြည် တွင်း ပြည်ပစျေးကွက်ချဲ့ထွင်ဝင်ရောက်ခြင်း၊ အသိပညာပေးအစီအစဉ်များပြုလုပ်ပေး ခြင်းတို့ကိုဆောင်ရွက်ပေးမည့် အစီအစဉ်များအတွက် ဝိုင်းဝန်းဆွေးနွေးကြပြီးအခမ်း အနားကိုနေ့လည် (၁၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

အခမ်းအနားသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် အရာထမ်းအမှုထမ်းများ Winrock International မှ တာဝန်ရှိ သူများ စုစုပေါင်း (၁၅)ဦးခန့်တက်ရောက်ကြပါသည်။ စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များ ကို ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

 

NES Unit